ဂါဇာတွင် ဆိုက်ကပ်ထားသည့် လှေတစီးကို အစ္စရေးတိုက်လေယာဉ် ပစ်ခတ်ဖျက်ဆီး

ဓာတ်ပုံ - Mohammed Saber/EPA
အရှေ့အလယ်ပိုင်းဒေသ ဂါဇာမြို့မှာ ဆိုက်ကပ်ထားတဲ့ လှေတစီးကို မေလ ၂၃ ရက်နေ့မှာ အစ္စရေးတိုက်လေယာဉ်က ပစ်ခတ်ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် သေဆုံးဒဏ်ရာရတဲ့သတင်းကိုတော့ မသိရသေးပါဘူး။ အစ္စရေးစစ်တပ်ကတော့ တိုက်လေယာဉ်ဟာ ဟားမတ်စ် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ မြေအောက် အကြမ်းဖက်အဆောက်အအုံကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ထုတ်ပြန် ကြေညာပါတယ်။ မေလ ၂၂ ရက်နေ့က ဂါဇာဒေသက လူတစုဟာ နယ်စပ်ခြံစည်းရိုးကျော်ပြီး အစ္စရေး စစ်စခန်းတခုကို မီးရှို့ခဲ့တဲ့အတွက် လက်တုံ့ပြန်ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင် ရေကြောင်းပိတ်ဆို့မှုကို ဆက်လက်ပြုလုပ်ထားပြီး အစ္စရေးကမ်းခြေကို တခြားလှေတွေ ဝင်ရောက်မှုကနေ တားဆီးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up