မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးပွဲ ရက်ရွှေ့နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

ဓာတ်ပုံ - SCMP
မြောက်ကိုရီးယားနဲ့လုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ “ဇွန် ၁၂ ရက်မှာ ထိပ်သီးဆွေးနွေးပွဲ ဖြစ်ချင်မှဖြစ်မယ်။ အခုမဖြစ်ရင်လည်း နောင်တချိန်ချိန်မှာ ဖြစ်လာမှာပါ” လို့ အိမ်ဖြူတော်မှာ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ အတူရှိနေစဉ် ဒေါ်နယ်ထရမ့်က ပြောကြားသွားတာပါ။ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းကတော့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို စီစဉ်ထားတဲ့အတိုင်း ဖြစ်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ် ထာဝရငြိမ်းချမ်းရေးရဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်တွေ အနေနဲ့ နျူလက်နက်ကို စွန့်လွှတ်ခဲ့မယ်ဆိုရင် သူတို့ရဲ့လုံခြုံရေးကို အာမခံတယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသေးတယ်။ မေလ ၂၂ ရက်နေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက အမေရိကန်အနေနဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် အခုထိ ပြင်ဆင်နေဆဲဖြစ်ပြီး နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ပါက မြောက်ကိုရီးယားကို စီးပွားရေးအကူအညီ ပေးသွားမယ်လို့လည်း ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up