Home
မြန်မာသတင်း
Emirates လေယာဉ် ရန်ကုန်မြို့ပေါ် ကန့်သတ်နယ်မြေတွင် အနိမ့်ပျံသန်းသွား
DVB
·
May 23, 2018
  ယူအေအီးနိုင်ငံ၊ Emirates လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ မြို့ပြလေကြောင်းလိုင်းများ မပျံသန်းရန် ကန့်သတ် တားမြစ်နယ်မြေဖြစ်တဲ့ ရန်ကုန်မြို့ပေါ်ကနေ အနိမ့်ပျံသန်းသွားတဲ့ဖြစ်ရပ်တခု မေလ ၂၀ရက်က ဖြစ်ပွားခဲ့ပါတယ်။ မေ ၂၀ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က Emirates လေကြောင်းလိုင်းပိုင်  Boeing 777-31H(ER) လေယာဉ်ဟာ ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်အတွင်း မြို့ပြလေကြောင်း လိုင်းများ မပျံသန်းရန် ကန့်သတ် တားမြစ်နယ်မြေဖြစ်တဲ့ ရန်ကုန်မြို့ပေါ်ကနေ ဖြတ်သန်းပြီး အနိမ့်ပျံသန်း သွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လေယာဉ်မောင်းတဲ့ လေယာဉ်မှူးကို အရေးယူပေးဖို့ တရားဝင် အကြောင်းကြားစာ ပေးပို့ထားတယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစိုးပိုင်က နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။ “ဒီနေ့မှာပဲ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာအခြေစိုက်တဲ့ လေကြောင်း လိုင်းကို ရန်ကုန် Operation Manager ကနေတစ်ဆင့် စုံစမ်းစစ်ဆေး အရေးယူပေးဖို့ စာတစ်စောင် ပေးပို့ထားပါတယ်။ သူတို့လေကြောင်းလိုင်း မှာလည်း ဒီလိုဖြစ်စဉ်ဆိုရင် ဘယ်လို အရေးယူရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ရှိမှာပါ။ ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာကို ကျနော်တို့ဆီကို တရားဝင်အကြောင်းပြန်ကြားပေးမှာ ဖြစ်ပါတယ်။ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးကနေ ဖြစ်စဉ်ကို ယူအေအီးနိုင်ငံ မြို့ပြ လေကြောင်းဌာနဆီ အရေး ယူဆောင်ရွက်နိုင်ဖို့ တရားဝင် အကြောင်းကြား စာပေးပို့ သွားမယ်လို့လည်းပြောပါတယ်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ရွှေတိဂုံဘုရား အပါအ၀င် ရန်ကုန်မြို့ပြ ဧရိယာအတွင်း အမြင့်ပေ ၂၄၀၀၀ အောက် ပျံသန်းမှုကို ကန့်သတ် တားမြစ် ထားတာ ဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ သူ ဒီလို ပျံသန်းခဲ့ရာတာဟာ  ရာသီဥတု အခြေအနေကြောင့် လေယာဉ်ကို ချိုးကွေ့ရာကနေ တားမြစ်နယ်မြေထဲကိုရောက်သွားတာဖြစ်ကြောင်းနဲ့ ခရီးသည်တွေ ဘေးအန္တရာယ်ကင်းဖို့ ဆောင်ရွက်တာလို့  စစ်ဆေးရာမှာ ပြောထားတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024