Home
မြန်မာသတင်း
၆လဘတ်ဂျက်အတွက် ဗဟိုဘဏ်ကနေ ကျပ် ၆၀၀ ဘီလီယံ ကျော်ချေးရန် လွှတ်တော်တင်ပြ
နေဖြိုးဝင်း
·
May 22, 2018
  အခုလက်ရှိဘဏ္ဍာနှစ်  ၆ လ ဘက်ဂျက်အတွက် အပ်ငွေစာရင်း လိုငွေဖြည့်ဆည်းဖို့ ဗဟိုဘဏ်ကနေ ကျပ် ၆၀၀ ဘီလီယံ ကျော်ချေးဖို့ မေလ ၂၂ ရက် ပြည်ထောင်စု လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလထိ အစိုးရအပ်ငွေစာရင်းရဲ့ လိုငွေကို ဖြည့်ဆည်းဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံ ချေးယူဖို့ဖြစ်ပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “အစိုးရက ပြည်တွင်းမှ ငွေချေးယူတာမှာ အဓိကအားဖြင့် ဘတ်ဂျက်လိုငွေအတွက်ဖြစ်ပေမယ့် ဘက်ဂျက်လို ငွေအတိုင်း အတိအကျ ငွေချေးယူတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ အစိုးရအပ်ငွေ စာရင်းမှာ ဖြစ်ပေါ်လာတဲ့ လိုငွေကို အချိန်နဲ့ တပြေးညီဖြည့်တင်းနိုင်ဖို့ ချေးယူခြင်းဖြစ်ပါတယ် ” လို့ ပြောပါတယ်။ ၂၀၁၈ ဧပြီလကနေ စက်တင်ဘာလထိ လိုငွေဖြည့်ဆည်းဖို့အတွက် ပြည်တွင်း၊ ပြည်ပကနေ ချေးငွေ ကျပ် ၄၂၀၀ ဘီလီယံ လျာထားတာမှာ ပြည်ပက ကျပ် ၉၉၄ ဒသမ ၈၅၇ ဘီလီယံ၊ ပြည်တွင်းက ကျပ် ၃၂၀၅ ဒသမ ၁၄၃ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းက ချေးယူဖို့ လျာထားတဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံ ချေးဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024