ရန်ကုန်တိုင်းတွင် ၈လအတွင်း မုဒိမ်းမှု ၄၆ဝ မှုဖြစ်ပွား

  ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလကနေ ၂၀၁၇ ဒီဇင်ဘာလကုန်ထိ ရှစ် လအတွင်း မုဒိန်းမှု ၄၆ဝ မှုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက တိုင်းလွှတ်တော်မှာ ပြောပါတယ်။ ရှစ်လအတွင်း ရန်ကုန်မှာဖြစ်ပွားခဲ့တဲ့ အမှုကြီး ၁၀ မျိုးအနက် မုဒိန်းမှုက အကြိမ်ရေ ၄၆၀ နဲ့အများဆုံးဖြစ်နေပြီး လူသတ်မှုက အကြိမ် ၃၀၀နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ တတိယအများဆုံးကတော့ လုယက်မှု ၈၄ ကြိမ်ဖြစ်ပြီး အမှုကြီး ၁၀မှုပေါင်းရင် ဖြစ်ပွားခဲ့တဲ့ အမှုစုစုပေါင်း  ၈၅၆ မှုဖြစ်ပွားခဲ့ပါတယ်။ မေ ၂၂ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရဲလက်စွဲအပိုဒ် ၁၇၅၄ ပါအရေးကြီးတဲ့ ရာဇဝတ်မှုကြီး ၁၀ မျိုးနဲ့စပ်လျဉ်းပြီး သိရှိလိုကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့မှုခင်းတွေအနက် တရားခံဖော်ထုတ်ဖို့ ကျန်ရှိနေတဲ့ မှုခင်းပေါင်း ဘယ်လောက်ကျန်ရှိသလဲလို့ မေးမြန်းခဲ့ရာမှာ နယ်လုံဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up