မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူရန် အေစီမီလန် ကမ်းလှမ်း

မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ အေစီမီလန်အသင်းက အတည်ပြုလိုက်ပါတယ်။ အသက် ၃၀ ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီဟာ လာမယ့်ဇွန်လမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခွင့်ရမှာပါ။ ဖယ်လိုင်နီဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မှာကိုလည်း သိရှိထားတာကြောင့် ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ အေစီမီလန်အသင်း အားကစာဒါရိုက်တာ မီယာဘယ်လီက ပြောပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့ဖြစ်လာဖို့ ကြိုးစားနေဆဲဖြစ်ပြီး အပြီးသတ် ခေါ်ယူနိုင်တဲ့အချိန်မှာ ထုတ်ပြန်ကြေညာပေးမယ်လို့ မီယာဘယ်လီက ဆက်ပြောပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ ဖယ်လိုင်နီကို စာချုပ်သက်တမ်းတိုးမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ အဆင်မပြေသေးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up