Live
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 21, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၇,၃၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့  တအိတ်ကို ၄၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၆,၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၈၀၀ ကျပ် ဈေးတက်လာပါတယ်။  မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အသစ် တအိတ်ကို ၃၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲလွန်းဖြူ ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက တအိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၄,၁၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲဇီးကွက် ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တတင်းကို ၂၃,၁၀၀ ကျပ်ကနေ ငွေကျပ် ၂၃,၅၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၂,၅၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံ ကုန်စည်ဒိုင် တတင်းကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ဆန်ပြောင်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ဆန်ပြောင်းက ၅၉.၂၅ ပိဿာဝင် တအိတ်ကို ၅၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၃,၃၀၀ ကျပ်ကနေ ငွေကျပ် ၅၆,၃၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃,၃၀၀ကျပ်  ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက်(စမုံ) မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024