တရုတ်တွင် အင်အားပြင်း သဲမုန်တိုင်းဝင်ရောက်

762
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်ရှိ အက်ဇိုင်း-ကာဇက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုကို မေ ၂၀ ရက်နေ့က အားပြင်းတဲ့ သဲမုန်တိုင်း ၀င်ရောက်ခဲ့ပါတယ်။
ညနေ ၆ နာရီဝန်းကျင်က သဲမုန်တိုင်း စတင်ဝင်ရောက်ခဲ့ပြီး မြောက်မှတောင်ကို အလျင်အမြန် ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။
၁၀ မိနစ်လောက် အကြာမှာတော့ စီရင်စုတခုလုံးကို သဲမုန်တိုင်း ဖုံးလွှမ်းသွားခဲ့ပြီး ရှေ့မြင်ကွင်း ၁၀ မီတာအောက်ကိုသာ မြင်တွေ့ရပါတယ်။
ဒေသမိုးလေ၀သဌာနက အ၀ါရောင်အဆင့် သဲမုန်တိုင်း သတိပေးချက်ထုတ်ပြန်ခဲ့ပြီး နောက် ၁၂ နာရီအတွင်း အနီးဝန်းကျင် စီရင်စုတွေနဲ့ မြို့တွေကို သဲမုန်တိုင်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။