ကီလောင်အဲ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရ

Lava flows near trees on the outskirts of Pahoa during ongoing eruptions of the Kilauea Volcano in Hawaii, U.S., May 19, 2018. REUTERS/Terray Sylvester
အမေရိကန် ကီလောင်အဲ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦး အကြီးအကျယ် ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန် ကီလောင်အဲ မီးတောင်ပေါက်ကွဲမှုကနေ ထွက်လာတဲ့ ချော်ရည်တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲအထိ စီးဝင်းသွားခဲ့ပြီး၊  မေလ ၂၀ ရက်နေ့မှာ ချော်ရည်ကနေ ထွက်တဲ့ ဓာတ်ငွေ့တွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေကြောင့် ကျွန်းနေပြည်သူတွေအတွက် အသက်အန္တရာယ်ဖြစ်စေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အပူချိန် ၁ ထောင် ၉၃ ဒီဂရီ ဆဲစီးယပ် ထိရှိနိုင်တဲ့ ချော်ရည်တွေရဲ့ ပင်လယ်ရေနဲ့ ရောနှောသွားခဲ့ပြီး ညစ်ညမ်းမှုဖြစ်စေနိုင်တယ်လို့ ဟာဝိုင်ယီ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up