Home
မြန်မာသတင်း
မြန်မာထုတ် မြွေဆိပ်ဖြေဆေး လာအိုနှင့်ကမ္ဘောဒီယားကို ဈေးကွက်ချဲ့ထွင် ရောင်းချ
DVB
·
May 21, 2018
  ဆေးဝါးစက်ရုံ (အင်းစိန်) BPI က မြွေဆိပ်ဖြေဆေးတွေကို လုံလောက်စွာ ထုတ်လုပ်နိုင်ပြီဖြစ်တာကြောင့် ပြည်ပနိုင်ငံတွေဖြစ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ဈေးကွက် ချဲ့ထွင်ရောင်းချနေပြီလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှာ မြွေဟောက် အဆိပ်ဖြေဆေး ၂ သောင်း၊ မွေပွေးအဆိပ် ဖြေဆေး ၁ သိန်း စုစုပေါင်း ၁၂၀၀၀၀ ထုတ်လုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ မြွေဆိပ်ဖြေဆေးကို ယခင်က သာမန်အပူချိန်မှာ ထားရှိနိုင်မှုမရှိဘဲ အအေးခန်းမှာ ထားသိုနိုင်တဲ့အခြေနေကနေ အခုအခါ အေးခဲခြောက်စနစ်နဲ့ ထားသိုနိုင်အောင် ထုတ်လုပ် နိုင်ပြီဖြစ်လို့ သာမန်အခန်း အပူချိန်မှာ ထားရှိနိုင်ပြီး ကျေးလက် ဒေသတွေကို ပို့ဆောင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မြွေဆိပ်အား သြစတြေးလျနည်းပညာနဲ့ အေးခဲခြောက်စနစ်အတိုင်း ဆောင်ရွက်နေပြီး ယင်းစနစ်ကြောင့် ပိုမိုတာရှည်ခံပြီး မြွေဆိပ်အရည်အသွေး ပိုမိုမြင့်မားစွာရရှိနိုင်မှာဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုဟာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်ရှိ မြန်မာ့ဆေးဝါး လုပ်ငန်းဆေးဝါးစက်ရုံ (အင်းစိန်)  မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲကို မေ ၁၉ ရက်က သွားရောက်ခဲ့ပြီး မြွေဆိပ်အား အေးခဲခြောက်စနစ်နဲ့ ထိန်းသိမ်းထားရှိမှု၊ မြွေပွေးနဲ့ မြွေဟောက်တွေ စနစ်တကျမွေးမြူထားရှိမှု၊ မြင်းသွေးရည်ကြည်အား အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ အခြေအနေ၊ မြင်းသွေးရည်ကြည်အား မြွေဆိပ်နဲ့ စမ်းသပ်စစ်ဆေးမှု၊ အအေးခန်းမှာ မြင်းသွေးရည်ကြည်တွေ ထားသိုမှု၊ မြင်းသွေးရည်ကြည်မှာ သတ်မှတ်ထားသော အရည် အသွေးပြည့်မီမှု ရှိ၊ မရှိ နဲ့  မြင်းများ စနစ်တကျမွေးမြူထားတဲ့ အခြေအနေတွေကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024