Home
မြန်မာသတင်း
ကံမမြို့နယ်တွင် ​လေပြင်းတိုက်​စာသင်ကျောင်းနှင့် လူ​နေအိမ်​များပျက်​စီး
DVB
·
May 21, 2018
  မ​ကွေးတိုင်း​ဒေသကြီး၊ ကံမမြို့နယ်​​၊ ​ပြောင်​ကျ​ရွာမှာ မေ၂၀ရက် ​ည​နေ၃နာရီ လောက်က မိုးသက်​​လေပြင်းတိုက်​ခတ်​လို့ အလယ်​တန်း​ကျောင်းခွဲ စာသင်​​ဆောင်နှစ်ဆောင် နဲ့ လူ​နေအိမ် ​၁၈လုံး အမိုးတွေလန်ကာ ပျက်စီးသွားပါတယ်။ ဒေသခံရွာသား ကို​အောင်​​ကျော်​က "စာသင်​​ဆောင်​နှစ်လုံးနဲ့ အိမ်​၁၈လုံးရဲ့ အမိုး​တွေ​လန် သွားတယ်​။ လော​လောဆယ်​နီးစပ်​ရာ​ဆွေမျိုး​တွေအိမ်​မှာ ​ခေတ္တ​နေ ​နေရတယ်​။ အပျက်​အစီး စာ ရင်း​တွေ တွက်​​နေကြတယ်​"လို့ပြောပါတယ်။ တိုင်းဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ် ​ဦးမြင့်​​အောင်​ကတော့ လေဘေး  သတင်းရရခြင်းသွားရောက် အားပေးစကားပြောကြားခဲ့ပြီး လတ်တလော အစိုးရအဖွဲ့ကို အ​ကြောင်းကြား တင်​ပြထားတယ်လို့ပြောပါတယ်။ ​လေပြင်းတိုက်​ခတ်​မှုကြောင့်  နေအိမ်တွေက သွပ်နဲ့ သစ်မျှားတန်းတွေအပါအ၀င် ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ခန့်မှန်းချေ  ကျပ်သိန်း ၃၀ ကျော်ဖိုးလောက် ပျက်​စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေကတော့ ထိခိုက်​ပျက်​စီးမှု မရှိဘူးလို့  ရဲမှတ်​တမ်းအရသိရပါတယ်​။ ​နေမှူးလူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024