Homeမြန်မာသတင်း
ရွှေတိဂုံဘုရား ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ၁ နာရီကျော်ကြာ ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့ရ
ရွှေတိဂုံဘုရား ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ၁ နာရီကျော်ကြာ ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့ရ
DVB
·
May 20, 2018
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ၁ နာရီကျော်ကြာ ပိတ်မိနေတဲ့ လူ ၁၇ ဦးကို ကယ်ထုတ်ခဲ့ရတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
မေ ၁၉ ရက်နေ့ မနက် ၈ နာရီလောက်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ဓာတ်လှေကားမောင်းသူ အပါအဝင် လူ ၁၇ ဦး ဓာတ်လှေကားအတွင်း ၁ နာရီကျော်ကြာ ပိတ်မိနေခဲ့တာကြောင့် ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ အရှေ့ဘက်မုခ် ဓာတ်လှေကားအတက် (ညာဘက်ခြမ်း) မှာ ဓာတ် လှေကားမောင်းသူ အပါအဝင် ကျား ၅ ဦး၊ မ ၉ ဦးနဲ့ ကလေး ၂ ဦး သယ်ဆောင်ပြီး အပေါ်တက်ရာ ရောက်ခါနီး ၁၅ ပေအလိုမှာ လျှပ်စစ်ဗို့အား မီးဖြတ်တောက်မှုကြောင့် ရုတ်တရက်စက်ချွတ်ယွင်း ရပ်တန့်သွားတာ ဖြစ်ပါတယ်။
အပေါ်ကနေ ဓာတ်လှေကားအမိုးပေါ် ကြိုးနဲ့ဆင်း အမိုးကိုဖွင့်ပြီး လှေကားနဲ့အထဲက ဘုရားဖူးခရီးသည်တွေကို ကယ်ထုတ်ခဲ့ရပြီး ၉ နာရီ ၁၅ မိနစ်မှာ ပိတ်မိနေတဲ့သူတွေအားလုံး အပေါ်ရောက်ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိတဲ့သူတွေတော့ မရှိပါကြောင်း ရွှေတိဂုံဘုရားဂေါပကအဖွဲ့က ပြောတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။