ဖားကန့်တွင် မြေစာပုံပြိုကျ ပိမိ၍ ၁ ဦး သေဆုံး
DVB
·
May 20, 2018
ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျ ပိမိလို့ ရေမဆေးကျောက်ရှာဖွေသူ ၁ ဦး သေဆုံးတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မေ ၁၉ ရက်နေ့ ညနေ ၄ နာ၇ီ ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး မြန်မာသူရ ကုမ္ပဏီလုပ်ကွက်မှာ ဦးဇယ်ဂျုံး (၄၅) နှစ်ဟာ ရေမဆေးကျောက်ရှာဖွေစဉ် အမြင့် ၅၀၀ ပေလောက်မှ မြေစာတွေ ရုတ်တရက်ပြိုကျပိမိလို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
ဦးဇယ်ဂျုံးရဲ့အလောင်းကို ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးမှုအား ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၂/၂၀၁၈) နဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။