Live
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေးဝဲယာမှ ကျူးကျော် ၂၉ ဆိုင်ကို ဖယ်ရှား
DVB
·
May 20, 2018
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေးဝဲ-ယာမှာ ကျူးကျော်ဆောက်လုပ်နေထိုင်တဲ့ ဈေးဆိုင် ၂၉ ဆိုင်ကို ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျောက် လမ်းဘေးဝဲ-ယာမှာ တရားမဝင် လူနေ ဈေးဆိုင်တွေ ဆောက်လုပ်နေထိုင်ရောင်းချနေမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာများဖြစ်ပွားလာနိုင်တယ်၊ အမြန်လမ်းမကြီးအား အသုံးပြုပြီး သွားလာနေတဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် အခုလို ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။ တရားမဝင် ကျူးကျာ်ဆောက်လုပ်နေထိုင်နေတဲ့ လူနေဈေးဆိုင် ၅၁ ဆိုင်ရှိတဲ့အနက် ၂၉ ဆိုင်မှာ ရှင်းလင်းဖယ်ရှားခဲ့ပြီး ကျန် ၂၂ ဆိုင်အား အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာနက ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024