အိုင်အမ်အက်ဖ်ထံမှ ချေးငွေမယူရေး အာဂျင်တီးနားပြည်သူ ထောင်ချီ တောင်းဆိုဆန္ဒပြ

အာဂျင်တီးနားနိုင်ငံမှာ ပီဆိုငွေကြေး တည်ငြိမ်လာပုံရတဲ့အတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ဆီကနေ ချေးငွေမယူရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ မေလ ၁၇ ရက်နေ့က မြို့တော် ဗျူနိုအေးရိစ်မှာ ဆန္ဒပြသူတွေက အိုင်အမ်အက်ဖ်ဆီက ချေးငွေ မယူရေး ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။ အိုင်အမ်အက်ဖ်က အာဂျင်တီးနားကို ငွေကြေးထောက်ပံ့မယ့် အစည်းဝေးမတိုင်မီ အခုလို ဆန္ဒပြပွဲ အများအပြား ပေါ်ပေါက်ခဲ့တာပါ။ “ကျမတို့က သမ္မတ မက်ခရီရဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ဆီကနေ ချေးငွေယူမယ့် မူဝါဒတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ရှုတ်ချဆန္ဒပြကြတာပါ” လို့ ဆိုရှယ်လစ် အလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်  ဗီမာရီပိုးက ပြောပါတယ်။ “ကျနော်တို့ အစိုးရကို ပြောင်းလဲရုံနဲ့ မလုံလောက်ပါဘူး။ အစိုးရအပြင် လူ့အဖွဲ့ အစည်းကိုပါ ပြောင်းလဲဖို့ စဥင်္်းစားရမှာပါ” လို့လည်း သမဂ္ဂခေါင်းဆောင် ဗစ်တာဒီဂျန်နရိုက ပြောခဲ့ပါတယ်။ အိုင်အမ်အက်ဖ်ဟာ အာဂျင်တီးနားကို ချေးငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ ပေးအပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့်လည်း သမဂ္ဂ အများအပြားနဲ့ လက်ဝဲ၀ါဒီ လူမှုရေး အဖွဲ့တွေက အဲဒီ ချေးငွေ သဘောတူညီချက်ဟာ နိုင်ငံကို ၂၀၀၁ ခုနှစ် စီးပွားရေး အကြပ်အအတည်းပုံစံ ကပ်ဆိုက်နိုင်တယ်လို့ အပြစ်တင်ပြောကြားပြီး ဆန့်ကျင်ဆန္ဒပြနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up