ကျူးဘားလေယာဉ်တစီး ပျက်ကျ၊ ၁၀၀ ကျော် သေဆုံး

ကျူးဘားအစိုးရပိုင် ဘိုးရင်း 737 အမျိုးအစား လေယာဉ်တစီးဟာ မေ ၁၈ ရက်နေ့က ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရဲ့ အဓိက လေဆိပ်ကနေ ပျံတက်အပြီး မကြာခင် ပျက်ကျခဲ့တယ်လို့ ကျူးဘားအစိုးရ မီဒီယာက အစီရင်ခံပါတယ်။ ဟိုဂူအင်မြို့ကို သွားတဲ့ ပြည်တွင်း လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၁၀၄ ယောက်ပါတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။ စန်တီယေဂို ဒေလာ ဗီးဂတ်စ်ရွာနဲ့ ဘိုယေရော့စ် ရပ်ကွက်ကြားမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ အဲဒီဒေသဟာ ဟာဗားနားမြို့တော်ရဲ့ တောင်ဘက် ကီလို ၂၀ အကွာမှာ ရှိတာပါ။ လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၃ ဦးပဲ အသက်ရှင်ကျန်ရစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အခြေနေကလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ မက္ကဆီကန်လေယာဉ်အမှုထမ်း ၆ ဦး ပါဝင်ပြီး လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up