Home
မြန်မာသတင်း
အငှားယာဉ်မောင်းများ Grab ကုမ္ပဏီကို ဆန့်ကျင်သည့် ဖဲကြိုးဖြူလှုပ်ရှားမှု စတင်
DVB
·
May 18, 2018
ရန်​ကုန်​မြို့က အငှားယာဉ်​​မောင်း​​​ ၁၀၀၀​ ကျော်​ဟာဟာ Grab Taxi ကုမ္ပဏီကို ဆန့်​ကျင်​တဲ့ ဖဲကြိုးဖြူလှုပ်​ရှားမှုကို ဒီနေ့ စတင်​ပြုလုပ်​​နေကြပါတယ်​။ အငှားယာဉ်​ဝန်​​ဆောင်​မှုအ​နေနဲ့ မြန်​မာနိုင်​ငံကို ဝင်​​ရောက်​လာတဲ့ Grab taxi ကုမ္ပဏီကို Grab မှာ ယာဉ်​​မောင်းဖို့ အဖွဲ့ဝင်​ထားတဲ့ ယာဉ်​​မောင်း​တွေက သူတို့အ​ပေါ်ဖိနှိပ်​တယ်​၊ အခွင့်ရေးဆုံးရှုံးတယ်၊ ယာဉ်​​မောင်း​တွေရဲ့ လုံခြုံ​ရေးကို အကာကွယ်​​ပေးမထားဘူးဆိုတဲ့ အ​ကြောင်းပြချက်​​တွေနဲ့ ဖဲကြိုးဖြူလှုပ်​ရှားမှုကို စတင်​လိုက်​တာပါ။ “ကျ​နော်​တို့ဆီကို ကားငှားမယ့် ခရီးသည်​က ဖုန်း​ခေါ်ပြီဆိုရင်​ သွားမယ့် လမ်း​ကြောင်းမသိဘဲ ဖုန်းလက်​ခံရတယ်​။ ဘယ်​ခရီးသည်​စီးမယ်၊​ ဘယ်​ကိုသွားမယ်​ဆိုတာ မသိဘဲ လက်​ခံရတယ်​။ ခရီးသည်​ဆီကိုကျ ယာဉ်​​မောင်း​တွေရဲ့  အချက်​လက်​​တွေ အကုန်​သိခွင့်ပေးတယ်​။ ကျ​နော်​တို့ကျ ကား​ပေါ်​ရောက်​လာမှ ဘယ်​သွားမယ်​ ဆိုတာသိရပြီး ငြင်းပိုင်​ခွင့်မရှိဘူး။ ​နေ့ညမ​ရွေး သွား​နေရတဲ့အခါ ခရီးအကွာ​ဝေး လုံခြုံရေး ဘာတခုမှ ယာဉ်​​မောင်းကို အကာကွယ်​​ပေးထားတာ မရှိဘူး” လို့ ယာဉ်​​မောင်းကို သန့်​စင်​က​ပြောပါတယ်​။ ဒါ့အပြင်​ မန်ဘာဝင်​ထားတဲ့ ယာဉ်​​မောင်း​တွေအတွက်​ အခွင့်အ​ရေး ခံစားမှုတွေလည်း နည်းလာတယ်​လို့ ဆိုပါတယ်​။ “ကျ​နော်​တို့က​တော့ ပထမအဆင့်အ​နေနဲ့ ငြိမ်းချမ်းစွာဆန့်​ကျင်​တဲ့ ဖဲကြိုးဖြူကမ်​ပိန်းကို လုပ်​တာပါ။ မရမချင်း​တောင်းဆိုမှာပါ” လို့ ​ဖဲကြိုးဖြူကမ်​ပိမ်းမှာ ပါဝင်​တဲ့ ယာဉ်​​မောင်း​တွေက​ ပြောပါတယ်​။ လက်​ရှိမှာလည်း ကမ်​ပိန်းမှာ ပါဝင်​သူ​တွေဟာ grab နဲ့ ကားဝန်​​ဆောင်​မှုပေးခြင်းကို ရပ်​နားထားတယ်​လို့ သိရပါတယ်။ လက်​ရှိဖြစ်​ရပ်​​တွေနဲ့ ပတ်​သက်​ပြီး Grab ကုမ္ပဏီ ကို ဆက်​သွယ်​​မေးမြန်းကြည့်ရာမှာ​တော့ Grab အ​နေနဲ့ ခရီးသည်​သွားလိုတဲ့ တည်​​နေရာကို ယာဉ်​​မောင်းကို ​ပေးမသိတာဟာ ယာဉ်​​မောင်းအားလုံး တန်းတူအခွင့်​အ​ရေးရ​စေလိုတဲ့ Grab ရဲ့ ​ပေါ်လစီဖြစ်ကြောင်း၊ ဒီကမ်​ပိန်းအတွက် ​အမြန်​ဆုံး​ပြေလည်​​အောင်​ ယာဉ်​​မောင်း​တွေရဲ့ ​တောင်းဆိုမူ​တွေကို အနီးစပ်​ဆုံးဖြစ်​​အောင်​ ​ဖြေရှင်း​ပေးမယ်​လို့ ​ပြောပါတယ်​။ လက်​ရှိမြန်​မာနိုင်​ငံမှာ အငှားယာဉ်​ဝန်​​ဆောင်​မှုတွေ ဝင်​​ရောက်​တွင်​ကျယ်​လာ​နေပြီး​တော့ grab ဝန်​​ဆောင်​မှုက​တော့ အသုံးပြုသူ ဦး​ရေများတယ်​လို့ သိရပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024