Live
Home
မြန်မာသတင်း
တပ်မတော်အပေါ် သစ္စာရှိရန် စစ်မှုထမ်းဟောင်းများကို ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း
DVB
·
May 18, 2018
စစ်မှုထမ်းဟောင်းတွေအနေနဲ့ တပ်မတော်အပေါ် သစ္စာရှိကြဖို့ မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)မှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေနဲ့ မေ ၁၆ ရက်က  တွေ့ဆုံ အမှာစကားပြောရာမှာ ထည့်သွင်းပြောသွားတာပါ။ “စစ်သား တခါဖြစ်ဖူးရင် ထာဝရစစ်သား (Once a Soldier Always a Soldier) ဆိုသည့်အတိုင်း အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ကြသည့် စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက် အင်အားစုတခုဖြစ်ပြီး မိမိတို့ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အပေါ် သစ္စာရှိရန်လိုကြောင်း၊ လက်ရှိအချိန်တွင်လည်း အငြိမ်းစားယူပြီး နိုင်ငံသားတယောက်အနေဖြင့် နိုင်ငံ၏ တိုးတက်ရေးကို တဖက်တလမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊” စစ်မှုထမ်းဟောင်းဆိုတာ တပ်မတော်ရဲ့ အရန်အင်အားဖြစ်သကဲ့သို့ နိုင်ငံတော်ရဲ့ အင်အားစုတခုဖြစ်ကြောင်း တပ်မတော်သားတိုင်းဟာ တချိန်ကျရင် စစ်မှုထမ်းဟောင်း ဖြစ်မယ့်သူတွေ ဖြစ်လို့  မိမိတို့အနေနဲ့ စာနာနားလည်မှုရှိစွာနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ကာကွယ်ရေးဦးချုပ်က ပြောပါတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေရဲ့ စားရေးကို အထောက်အကူဖြစ်စေဖို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေအလိုက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက ထွက်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချဖို့ တာဝန်ပေးထားသလို နေရေးအတွက်လည်း စစ်မှုထမ်းဟောင်းအိမ်ရာတွေ ဆောက်လုပ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာမှာ ၂၀၁၇ ခုနှစ်က အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၇ လုံး ဆောက်လုပ်နေရာမှာ တဝက်လောက် ပြီးစီးနေပြီး ၂၀၁၈ ခုနှစ်မှာ အရာရှိငယ်နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၄ လုံးနဲ့ အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၆ ထပ် ၉ လုံးတို့အား ပိုင်ရိုက်တဲ့ လုပ်ငန်း စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဓာတ်ပုံ- တပ်မတော်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024