Live
Home
မြန်မာသတင်း
ပြည်မြို့မှ ကချင်ပြည်နယ်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြသူ ၂ ဦးကို တရားရုံးထုတ်
မင်းညို
·
May 18, 2018
  စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ပြည်မြို့ကနေ ကချင်ပြည်နယ်အထိ ခရီးရှည်လမ်းလျှောက် ချီတက်ဆန္ဒပြကြတဲ့ ပြည်မြို့က ဒေသခံ နှစ်ယောက်ကို ဒီနေ့ မေလ ၁၈ ရက်နေ့မှာ  ပြည်မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပါတယ်။ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ကချင်ပြည်နယ်မှာ ပိတ်မိနေတဲ့ တိုင်းရင်းသားတွေကို ကယ်ထုတ်ပေးဖို့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကိုမေတ္တာဦးနဲ့ ကိုမျိုးသူထွဋ်တို့ကို  ပြည်ရဲတပ်ဖွဲ့မှူး ဦးသန်းထွန်းအောင်က တရားလိုလုပ်ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉နဲ့ အရေး ယူထားတာပါ။ ဒီကနေ့ တရားရုံးထုတ်မှာတော့ သူတို့ကို ပြည်မြို့နယ် တွဲဖက်-၁ တရားရုံး တရားသူကြီး ဒေါ်မြင့်မြင့်ချစ်ကျော်က စစ်မေးခဲ့ပြီး ကိုယ်ပိုင်အာမခံ ၁၀ သိန်းနဲ့ အာမခံပေးလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ပြည်မြို့ကနေ မေလ ၆ ရက်မနက် ၁၀ နာရီက ငြိမ်းချမ်းရေး အလံကိုင်ကာ ခရီးရှည်စတင်ခဲ့ကြတာပါ။  မတ်လ ၇ ရက် အောင်လံမြို့ကို ဖြတ်သန်းစဉ်မှာ အောင်လံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပြည်ခရိုင် ရဲတပ်ဖွဲ့ကိုပြန်လွှဲပြောင်းခဲ့ပြီးနောက်  ပြည်ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူလိုက်တာပါ။ စစ်ပွဲတွေရပ်တန့်ပေးဖို့ ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့မှာလည်း အခြေခံပညာ ကျောင်းသားတွေက မေလ၁၅ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြရာ ဦးဆောင်သူ ကျောင်းသား ၃ ယောက်ကို နတ္တလင်းမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားပြီး မေလ ၂၁ ရက်နေ့မှာ ရုံးတင်စစ်ဆေးဖို့ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024