အမေရိကန်တွင် ကျောင်းကားနှင့်အမှိုက်ကား တိုက်မိ၍ ၂ ဦးသေ၊ ၄၄ ဦး ဒဏ်ရာရ
DVB
·
May 18, 2018
အမေရိကန်နိုင်ငံ နယူးဂျာစီ ပြည်နယ်မှာ မေ ၁၇ ရက်နေ့က ကျောင်းကားတစီးနဲ့ အမှိုက်ကားတစီးတိုက်မိတာကြောင့် ကျောင်းသားငယ် ၁ ဦးအပါအဝင် လူ ၂ ဦးသေဆုံးသွားပြီး ၄၃ ဦး ဒဏ်ရာရရှိသွားပါတယ်။
နယူးဂျာစီပြည်နယ် ပါရာမက်စ် (Paramus) နယ်မြေက လေ့လာရေးခရီးထွက်လာတဲ့ ၅ တန်းကျောင်းသားတွေအပြည့် စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားနဲ့ အမှိုက်ကားတို့ တိုက်မိခဲ့တာပါ။
ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ လူ ၂ ဦး သေဆုံးတာကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရု့တွေမှာ တင်ပို့ကုသထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။