ဂိတ်ကြီးနှစ်ခုရငွေ ကျပ်သိန်း ၅ သောင်းကျော် အစိုးရထံ အပ်နှံခဲ့ဟု ရန်ကုန်မြို့တော်ဝန်ပြော

ရန်ကုန်တိုင်းအတွင်း ဂိတ်ကြီး ၂ ခုက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရရှိတဲ့ ကျပ်သိန်း ၅ သောင်းကျော် အစိုးရထံ အပ်နှံခဲ့ပြီး ပြုပြင်ထိန်းသိမ်းတဲ့ စရိတ်တွေကို ဘတ်ဂျက် သဘောတရားအတိုင်း ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်​​တော်​ကိုယ်​စားလှယ်​​တ​ဦးရဲ့ ​မေးမြန်းချက်​ကို ရန်​ကုန်​မြို့​တော်​ဝန်​ ဦး​မောင်​​မောင်​စိုးက ပြန်​လည်​ဖြေကြားခဲ့တာပါ။ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေးကားဝင်းနှစ်ခုဖြစ်တဲ့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးကွင်းတို့ကနေ ကောက်ခံနေတဲ့ ကားဝင်ကြေးတွေ စီမံဆောင်ရွက်နေမှု အခြေအနေ မေးမြန်းချက်ကို ရန်ကုန်မြို့တော်ဝန် ဦးခင်မောင်စိုးက အခုလို ဖြေကြားခဲ့ပါတယ်။ “ဂိတ်ကြေးက ရတဲ့ပိုက်ဆံငွေတွေကို ကျနော်တို့ ပြုပြင်စရိတ်မှာ ပြန်သုံးလို့ မရပါဘူး။ ဒါတွေ အကုန်လုံးကို အစိုးရကို အပ်ရပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့ စရိတ်တွေကို ဘတ်ဂျက်အရ ပြန်တင်ရတယ်ဆိုတော့ ရငွေက သပ်သပ်၊ အသုံးစရိတ်က သပ်သပ် စာရင်းဖြစ်တဲ့အတွက်ကြောင့် ဘတ်ဂျက်သဘောတရား သွားပါတယ်။” အဝေးပြေးယာဉ်ရပ်နားစခန်း နှစ်ခုတို့က ရငွေ မတူညီကြောင်းလည်း ဦးခင်မောင်စိုးက ပြောပါတယ်။ “အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ဒဂုံဧရာပွဲရုံရဲ့ အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းတို့မှာ ရရှိတဲ့ ဝင်ငွေချင်းဟာ မတူပါဘူး။ ကျနော်တို့ အစိုးရတက်တဲ့နှစ် ၂၀၁၆-၂၀၁၇ မှာ တင်ဒါအောင်ခဲ့တာ အောင်မင်္ဂလာယာဉ်ဝင်ခဟာ သိန်းပေါင်း ၁၇,၈၀၀ အထိ ရလာပြီး ဒဂုံဧရာစခန်းကျတော့ သိန်းပေါင်း ၃,၃၈၀၀ အထိ ရခဲ့ပါတယ်။ ဒီငွေတွေကိုလည်း ဆုံးဖြတ်ချက်နှင့်အညီ ရငွေအဖြစ် အစိုးရဆီ ပေးပါတယ်။ ပြင်စရာရှိတာတွေကိုလည်း လုပ်ငန်းရဲ့ သဘောတူညီချက်၊ စည်းကမ်းရဲ့ သတ်မှတ်ချက်အရ EC ကော်မတီက လုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up