လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုမရှိရေး ချီလီကျောင်းသားများ ဆန္ဒပြ

ချီလီကျောင်းသားတွေဟာ ပညာရေးမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုမရှိရေး မြို့တော် ဆန်တီယာဂိုလမ်းတွေပေါ်မှာ မေ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲအဖြစ် စတင်ခဲ့တာပါ။ ဒါပေမယ့် ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ခဲ့တာကြောင့် ဆန္ဒပြသူတွေတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ကျောင်းသားတွေဟာ ချီလီတက္ကသိုလ်တွေမှာ ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်မှုတွေကို အဆုံးသတ်ရေး တောင်းဆိုတဲ့ စာသားတွေ ရွတ်၊ အလံတွေ ဝှေ့ယမ်းပြီး၊ အကအခုန်တွေနဲ့ မြို့တော်လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြတာပါ။ လိင်ခွဲခြားမှုရှိနေတဲ့ ပညာရေးစနစ်ဟာ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှု ဆက်ပြီး မြဲစေတယ်လို့ ချီတက်ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up