မူးယစ်ဆေးဝါး ဖမ်းမိမှုတွင် အမျိုးသမီး ၂ ဦးနှင့် ရဲတပ်ကြပ်ကြီးဟောင်း ၁ ဦး ပါဝင်
DVB
·
May 17, 2018
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့မှာ ပြီးခဲ့တဲ့ရက် ၂၀ အတွင်း ဖမ်းမိတဲ့ မူးယစ်ဆေးဝါး အမှုတွေထဲမှာ အမျိုးသမီးနှစ်ယောက်နဲ့ ရဲတပ်ကြပ်ကြီးဟောင်းတယောက် ပါဝင်နေတယ်လို့ ပြည်မြို့ ရဲစခန်းက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကနေ မေ ၁၆ ရက်အထိ မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ် လေးဆယ့်သုံးသိန်း ရှစ်သောင်းကျော်ဖိုး ဖမ်းမိခဲ့ပါတယ်။ အဲဒီဖမ်းမိသူတွေထဲမှာ အမျိုးသမီး နှစ်ယောက်နဲ့ ရဲတပ်ဖွဲ့ကနေ ထွက်သွားတဲ့ သူတယောက် ပါဝင်တယ်လို့ ပြည်မြို့မရဲစခန်းက ဒုရဲမှူးမြင့်ဇော်က ပြောပါတယ်။
အမှုတွေကို စုစုပေါင်း လေးကြိမ်ဖမ်းဆီးရာမှာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဖမ်းမိကာ ၂ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
ပြည်မြို့ဟာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းတွေနဲ့ ထိဆက်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ထဲမှာ ပြည်ခရိုင်ထဲကနေ ရခိုင်ပြည်နယ်ဘက်ကို သယ်ဆောင်သွားတဲ့ WY ပန်းရောင်မူးယစ်ဆေးဝါး ၁၄ သန်းကျော်ကိုလည်း ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိသူ ၆ ယောက်ကို မူးယစ်ဆေးဝါးသုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာတွေအတွက် မူးယစ်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ(၁၉/က)ပုဒ်ပ(၂၁)တွေနဲ့ ပြည်မြို့မရဲစခန်းမှာ ဖမ်းဆီးအရေးယူထားပါတယ်။