Home
မြန်မာသတင်း
မန္တ​လေးကဗျာဆရာများ ငြိမ်းချမ်း​ရေးအတွက်​ ကဗျာရွတ်​ဆိုပွဲပြုလုပ်
Aung Aung Naing
·
May 17, 2018
မန္တ​လေးကဗျာဆရာတွေစု​ပေါင်းပြီး ပြည်​တွင်းငြိမ်းချမ်း​ရေးနဲ့ ပြည်​တွင်းစစ်​ရပ်​စဲ ရေးအတွက် မန္တ​လေးမြို့ရှိ  မ​နော်​ရမ္မံပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ ကဗျာရွတ်​ဆိုပွဲ မနေ့က ပြုလုပ်ခဲ့ကြပါတယ်​။ ​ကဗျာဆရာ ​မောင်​ရဲ​နွေ(ပလိပ်​)၊ ကဗျာဆရာ ထွန်း​သွေးအိမ်​၊ ​မောင်​ဖြိုး​ဝေ၊ စံညိမ်းဦး၊ ​မောင်​​နွေထက်​ စတဲ့ ကဗျာဆရာ ၂၁ ​ရောက်​က ပြည်​တွင်းငြိမ်းချမ်း​ရေး အမြန်​ဆုံးရ​ရှိစေဖို့ ရည်ရွယ်ပြီး အခုလို ကမျာရွတ်​ခဲ့ကြတာဖြစ်ပါတယ်​။ ငြိမ်းချမ်းရေးကဗျာရွတ်လို့ မကြာသေးခင်ကမှ အဖမ်းခံခဲ့ရတဲ့ ကဗျာဆရာ ကလင့်ကိုဂုဏ်​ပြုပြီးလည်း သူရွတ်​ဆိုခဲ့တဲ့ကဗျာတပုဒ်ကို ရွတ်​ဆိုခဲ့ကြပါတယ်​။ မန္တ​လေးက ကဗျာဆရာ​တွေဟာ ပြည်​တွင်းစစ်​ရပ်​တန့်​​ရေးအတွက်​ နှစ်​ဖက်​စလုံးက တိုက်ခိုက်မှုတွေ ရပ်​တန့်​​ပေးဖို့ ​တောင်းဆိုခဲ့ကြပြီး တိုင်းရင်းသား​ဒေသ​တွေမှာ အမြန်​ဆုံးငြိမ်းချမ်း​စေချင်​လို့ ကဗျာရွတ်​ဖို့စီစဉ်​ခဲ့တာလို့ တာဝန်​ခံ ကဗျာဆရာစံညိမ်းဦးက​ ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024