Home
မြန်မာသတင်း
မြ၀တီမြို့ အင်ပါယာရွှေဆိုင် စီးနင်းခံရ
DVB
·
June 24, 2012
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ ဒီနေ့ နေ့လယ် ၁ နာရီလောက်က လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၃ ယောက်က ရွှေဆိုင်တဆိုင်ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ လက်နက်ကိုင်ထားသူ ၃ ဦးဟာ မြ၀တီမြို့ အချက်အချာကျတဲ့ ဈေးကြီးရှေ့က အင်ပါယာ ရွှေဆိုင်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ရွှေနဲ့ လက်ဝတ်တန်ဆာတွေ ယူဆောင်သွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ နေ့လယ်ပိုင်း မိုးတွေရွာနေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး လုပ်ဆောင်သွားတာလို့မျက်မြင် မြ၀တီမြို့ခံ တဦးက အခုလို ရှင်းပြပါတယ်။ “လူ ၃ ယောက်က ကားပေါ်ကဆင်းလာတယ်။ ဆင်းလာပြီးတော့ သေနတ်နဲ့ပစ်တယ်။ ကလေးမလေး တယောက် မှန်စတွေကွဲပြီး လက်မှာဒဏ်ရာရတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဒါမျိုးတခါ ဖြစ်ပြီးပြီ။ လက်သည် မပေါ်ဘူး။ တရားခံမမိဘူး။” ဆိုင်က ၀န်ထမ်း တဦးလည်း မှန်ကွဲရှမိတဲ့အတွက် ဒဏ်ရာရသွားတယ်လို့ ဆိုပါ တယ်။ ရွှေနဲ့ မြန်မာ ကျပ်ငွေ အပါအ၀င် ထိုင်းနိုင်ငံသုံး ဘတ်ငွေတွေလည်း ပါသွားတယ် လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြ၀တီ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေ မယ့် ဖြေဆိုဖို့ ငြင်းဆို ပါတယ်။ မြ၀တီမှာ ယခင်ကလည်း အခုလို ၀င်ရောက်စီးနင်းလုယက်တာတွေ လုပ်ခဲ့ပေမယ့် လက်သည်မပေါ်ဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024