Home
မြန်မာသတင်း
ယစ်မျိုးခွန် ပြင်ဆင်ဥပဒေကြမ်း ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်း
ပြည့်ဘုန်းအောင်
·
May 15, 2018
ယစ်မျိုးခွန်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီကနေ့  တင်သွင်းလိုက်ပါတယ်။ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ယစ်မျိုးခွန်ဥပဒေမှာတော့ နိုင်ငံခြားအရက် ငါးမျိုးကို ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ဈေးနှုန်းမဟုတ်ဘဲ ဒေသနဲ့ကိုက်ညီတဲ့ ဈေးနှုန်းတခု သီးခြားသတ်မှတ်ပေးဖို့ ပါဝင်လာပါတယ်။ ဒါ့အပြင် နိုင်ငံခြားအရက်တွေကို လက်ကား ရောင်းချခွင့်အတွက် လိုင်စင်ရထားတဲ့နေရာကလွဲပြီး အခြားနေရာမှာ သိုလှောင်ပါက ဒေသနဲ့ ကိုက်ညီတဲ့ ဈေးနှုန်းအခွန် ပေးဆောင်ဖို့လည်း ပါရှိပါတယ်။ ယစ်မျိုးခွန်ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး  ဗိုလ်မှူး ကြီးအောင်စိုးမိုးက တင်သွင်းခဲ့တာပါ။ ဒါပေမယ့် နယ်လုံဝန်ကြီးအနေနဲ့ ယစ်မျိုးခွန်နဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ လွှတ်တော်မှာ ပြောကြားသွားခြင်း မရှိပါဘူး။ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက် ပြီးခဲ့တဲ့လက ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ ပထမအကြိမ် ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၄ ခုနှစ်က ပြင်ဆင်ခဲ့ပြီး အခွန်ဈေးနှုန်းတွေကို နှစ်ဆကျော် တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024