ဥမကွဲသိုက်မပျက် ငှက်အိမ်ဈေးကွက် (ဓာတ်ပုံ)
DVB
·
May 15, 2018
မန္တလေးမြို့၊ ကန်တော်ကြီးပတ်လမ်းမှာ ငှက်အိမ်လေးတွေကို ပြုလုပ်ရောင်းချပြီး တနိုင်တပိုင် မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လာနေကြပါတယ်။
ငှက်အိမ်လေးတွေ ရောင်းချသူက “စွန့်ပစ် သစ်တို၊ သစ်စတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အမှိုက်ထဲကနေ ရွှေပေါ့ဗျာ။ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေသလိုနဲ့ ကလေးတွေ အတွက် ကျောင်းစရိတ်လည်း အထောက်အပံ့ဖြစ်တယ်”လို့ ပြောပါတယ်။
ငှက်အိမ်လေးတွေဟာ ငှက်ချစ်သူတွေအတွက် အဆင်ပြေသလို ဈေးနှုန်းကလည်း ၁၅၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ်ထိ အစားစားရှိပါတယ်။ ငှက်အိမ်အပြင် ငှက်စာအဖြစ် စပါးတွဲတွေကိုလည်း တွဲဖက်ရောင်းချထားတာတွေ့ရပါတယ်။
တနိုင်တပိုင် အသေးစားလက်မှုလုပ်ငန်းတွေအတွက် နိုင်ငံတော်အနေနဲ့ ထောက်ပံ့ပေးပြီး အခွန်ကင်းလွတ်ခွင့်ပါ ပေးထားရင် အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖြစ်ထွန်းလာနိုင်တယ်လို့ ငှက်အိမ်ရောင်းချသူက ပြောပါတယ်။