Friday, June 9, 2023
HomeLead Storyမင်းသိင်္ခ ဝတ္ထုကို ပုံဖော်ထားသည့် ‘မတထောင် တကောင်ဘွား’ ရုပ်ရှင်(နမူနာ)

မင်းသိင်္ခ ဝတ္ထုကို ပုံဖော်ထားသည့် ‘မတထောင် တကောင်ဘွား’ ရုပ်ရှင်(နမူနာ)

 

 

‘မတထောင် တကောင်ဘွား’လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက သိကြပြီး ဖြစ်မှာပါ။ ဒီဝတ္ထုဟာ နာမည်ကြီးစာရေးဆရာ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ဝတ္ထုတွေထဲက တပုဒ် ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အမျိုးသားသရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ အောင်ရဲလင်း တို့နဲ့အတူ အမျိုးသမီးသရုပ်ဆောင် ခိုင်သင်းကြည်နဲ့ သင်ဇာဝင့်ကျော်တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဒီကားဟာလည်း မထွက်ခင်တည်းက ပရိသတ်တွေကြားမှာ လူပြောများနေတာ ဖြစ်ပြီး မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တဲ့ ဒီကားကိုတော့ နေစိုးသော်က ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ခင်စောမျိုးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါဟာ ကိုလိုနီခေတ်နောက်ခံ ဝတ္ထုတပုဒ်ဖြစ်ပြီး အမျိုးသမီးတယောက် အိမ်ထောင်ပြု မှားရာကနေ ရောင်းစားခံ၊ အနိုင်ကျင့်ခံရာကနေ ပေါက်ဖွားလာတဲ့ မတထောင် တကောင်ဘွား၊ အာဏာရှိ ဖိနှိပ်သူတို့ရဲ့ မတရားမှုကို ဥပဒေပြင်ပဖြေရှင်းမှုက ဖိနှိပ်ခံသူတွေရဲ့ အမှန်တရားလို့ ခံယူထားတဲ့ နတ်ဆေးနဲ့ လျှို့ဝှက်လူသတ်မှုတွေကို အကွက်ကျကျ မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်တဲ့ အမှန်တရားဘက်တော်သားဖြစ်တဲ့ မင်းသိင်္ခရဲ့ ပင်တိုင်ဇာတ်ကောင် ဆားပုလင်းနှင်းမောင်တို့ ကြားက ဇာတ်လမ်းဇာတ်ကွက်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular