Home
မြန်မာသတင်း
မြေယာပြဿနာ​ကြောင့် မတ်ကျန်းပြ​​ည်​သူ့စစ်အဖွဲ့က​ တောင်​သူကိုသေနတ်​ဖြင့်ပစ်​ခတ်
DVB
·
May 15, 2018
  ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ လွိုင်​လင်​မြို့နယ်​၊ တောင်​​နောက်​​ကျေးရွာအုပ်​စု နမ့်ဟူးရွာမှာ ​မေလ ၁၄ ရက်​​က ​မြေယာကိစ္စနဲ့ ပတ်သက်ပြီး မတ်​ကျန်းပြည်​သူ့စစ်​က တောင်သူတွေကို​ သေနတ်​နဲ့ ပစ်​ခတ်​ခြိမ်းခြောက်ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်​။ မတ်​ကျန်းပြည်​သူ့စစ်​က ​တောင်​သူပိုင်​​မြေကို သိမ်းယူထားပြီး တောင်​သူ​တွေက ပြန်​လည်​လုပ်​ကိုင်​ဖို့ လာ​ရောက်​ထွန်​ယက်​ချိန်​မှာ ပြည်​သူ့စစ်​က ပစ်ခတ်​ခြိမ်း​ခြောက်​ခဲ့တာလို့  နမ့်ဟူးရွာသားတဦးကပြောပါတယ်။ “ဗိုလ်​မှူးခင်​​အောင်​နဲ့ သူ့တပည့်​တွေ ကား​ပေါ်က ဆင်းတာနဲ့ ရွာသား​တွေကို​ သေနတ်​နဲ့ ပစ်​တယ်​။ ရွာသားကို ရိုက်​တယ်​။ ရွာသား​တွေ ဝိုင်း​ပြောမှ ​နောက်​ပြန်​ဆုတ်​သွားတယ်​” မတ်​ကျန်းပြည်​သူ့စစ်​ နမ့်စန်​ရုံးချုပ်​ကို ဆက်​သွယ်​​မေးမြန်းရာ “ကျနော်​ သိတာက ရွာသားနဲ့ စကားများတာပါ။ ရိုက်​တယ် ​ပစ်​တယ်​​တော့ မသိဘူး။ ကျနော်​လည်း ခရီးထွက်​​နေတာ။ အ​သေးစိတ်​သိချင်​ရင်​ ရွာမှာ လာ​မေးမှရမယ်​”လို့ တာဝန်​ရှိသူတဦးက​ ပြောပါတယ်​။ အဲဒီ​မြေယာအရှုပ်​အရှင်း​ကြောင့် ​မေလ ၈ ရက်​​နေ့က ဒေသခံ​တောင်​သူ​တွေ ​မီဒီယာနဲ့​ တွေ့ဆုံပြီး ​မြေယာသိမ်းဆည်းခံရခြင်းအ​ကြောင်းကို ရှင်းလင်းမှု ပြုလုပ်​ခဲ့ပါတယ်​။ “ကျနော်​တို့​ တောင်​သူ​တွေက ဥပ​ဒေ နားမလည်​ဘူး။ ​မြေယာပိုင်​ဆိုင်​ခွင့်​ လုပ်​ရမယ်​ လည်းမသိဘူး။ ပြည်​သူ့စစ်​အဖွဲ့​တွေက အမျိုးမျိုး ခြိမ်း​ခြောက်​တယ်​။ ​မြေယာပိုင်​ဆိုင်​ခွင့်ကို ဌာနဆိုင်​ရာ​တွေက သူတို့ကို လုပ်​​ပေးတယ်။ ကျနော်တို့​ တောင်​သူ​တွေက ဘိုးဘွား လက်​ထက်​ကတည်းက လုပ်​ကိုင်​လာတာ။ ​မြေယာပိုင်​ဆိုင်​ခွင့်ပုံစံလည်း မလုပ်​တတ်​ဘူး။ အခု သစ်​​တွေလည်း သူတို့ အကုန်​ယူသွားပြီ”လို့​ ဒေသခံ​တွေက​ ပြောပါတယ်​။ နမ့်ဟူး​ကျေးရွာ ​ဒေသခံ​တွေက နှစ်​စဉ်​ မတ်​ကျန်းပြည်​သူ့စစ်​ထံ အခွန်​၊ ဆန်​ စသဖြင့် ​ပေး​ဆောင်​ရသလို စစ်​သားစု​ဆောင်းတဲ့အခါလည်း လူငှားထည့်ရတာမျိုး အမြဲကြုံရတယ်​လို့​ ဒေသခံ​တွေက​ ပြောပါတယ်​။ အဲဒီ​မြေဟာ ဧက ၄၀၀ ​ကျော်​ရှိပြီး ​တောင်​သူ​တွေက စပါး၊ ​ပြောင်း၊ ပဲမျိုးစုံနဲ့ ပန်းနှမ်း​တွေကို အဓိကထား စိုက်​ပျိုးလုပ်​ကိုင်​ပြီး အသက်​​မွေးဝမ်း​ကျောင်း ပြုလုပ်​နေကြတာပါ။ သတင်း - ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024