ယူရို ၉၆ ရှုံး​ကြွေး​ဆပ်ပြီး​ ချက်အသင်း​ကို အနိုင်ယူကာ ​ပေါ်တူဂီ ဆီမီး​ဖိုင်နယ်တက်

ယူရို ၂၀၁၂ ပြိုင်ပွဲရဲ့​ ပထမကွာတား​ဖိုင်နယ် ပွဲစဉ်ကို မ​နေ့​က ကျင်း​ပရာမှာ စီ​ရော်နယ်ဒိုရဲ့​ တလုံး​တည်း​သော သွင်း​ဂိုး​ကြောင့်​ ​ပေါ်တူဂီအသင်း​က ချက်အသင်း​ကို အနိုင်ရရှိကာ ဆီမီး​ဖိုင်နယ်ဆီ ခရီး​ဆက်နိုင်ခဲ့​ပါတယ်။ ယူရို ၉၆ ပြိုင်ပွဲရဲ့​ ကွာတား​ဖိုင်နယ် အဆင့်​မှာလည်း​ ​ပေါ်တူဂီနဲ့​ ချက်အသင်း​တို့​ဟာ အခုလို ဆုံ​တွေ့​ခဲ့​ဖူး​ပြီး​ အဲဒီတုန်း​က ချက်အသင်း​က ၁-၀ ဂိုး​နဲ့​ အနိုင်ရရှိခဲ့​ပါတယ်။ အခုပွဲစဉ်မှာ ​ပေါ်တူဂီအသင်း​က ပွဲချိန်ပြည့်​နီး​ပါး​ ဖိကစား​နိုင်ခဲ့​ပြီး​ ချက်အသင်း​က ခံစစ်ဦး​စား​ပေး​ခဲ့​ပါတယ်။ ချက်အသင်း​ရဲ့​ ကစား​ကွက်ဖန်တီး​ရှင် ရိုဆစ်စကီး​ ပါဝင်နိုင်ခြင်း​ မရှိခဲ့​တာကလည်း​ ချက်အသင်း​အတွက် အား​နည်း​ချက် ဖြစ်​စေခဲ့​ပါတယ်။ ​ပေါ်တူဂီ အသင်း​မှာ​တော့​ အဓိက ကစား​သမား​တွေ လူစုံပါဝင်ခဲ့​ပြီး​ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့​တာဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပွဲအစ မိနစ် ၂၀ ​လောက်အထိ ​ပေါ်တူဂီအသင်း​ အချိတ်အဆက် မမိခဲ့​လို့​ ချက်အသင်း​က ပိုမိုဖိကစား​နိုင်ခဲ့​ပါတယ်။ ဒါ့​အပြင် စီ​ရော်နယ်ဒိုကို ချက်အသင်း​နောက်တန်း​က ဂီဘရီဆီက ပိုင်ပိုင်နိုင်နိုင် လူကပ်ထိန်း​ချုပ်ထား​နိုင်ခဲ့​လို့​ ​ပေါ်တူဂီအသင်း​ အား​ထား​တဲ့​ ဘယ်​တောင်ပံ တိုက်စစ်လမ်း​ကြောင်း​က အလုပ်မဖြစ် ခဲ့​ပါဘူး​။ ​ပေါ်တူဂီအသင်း​ဟာ စီ​ရော်နယ်ဒို စိတ်ကြိုက် လှုပ်ရှား​ခွင့်​မရတာ​ကြောင့်​ ​မော်တင်ညို နဲ့​ နာနီတို့​ရဲ့​ တိုး​အား​ပြေး​အား​ကို အဓိကထား​ပြီး​ ညာခြမ်း​က​နေသာ အဓိက တိုက်စစ်ဆင်ခဲ့​ပါတယ်။ ပထမပိုင်း​မှာ ​ပေါ်တူဂီအသင်း​ရဲ့​ ထိုး​ဖောက် ဂိုး​သွင်း​မှု​တွေကို ချက်အသင်း​ဂိုး​သမား​ ပီတာဆက်ခ်ျ လက်စွမ်း​ပြ ကာကွယ်နိုင်ခဲ့​လို့​ ဂိုး​မရှိ သ​ရေ ရလဒ်နဲ့​ ပြီး​ဆုံး​ခဲ့​ပါတယ်။ ဒုတိယပိုင်း​မှာလည်း​ ​ပေါ်တူဂီအသင်း​ကသာ ​တောက်​လျောက် ဖိကစား​နိုင်ခဲ့​ပြီး​ စီ​ရော်နယ်ဒိုလည်း​ ပထမပိုင်း​ကထက် ပိုပြီး​ ​ခြေစွမ်း​ပြနိုင်ခဲ့​ပါတယ်။ ဒုတိယပိုင်း​ပြန်စပြီး​ ၃ မိနစ်အကြာမှာ စီ​ရော်နယ်ဒိုရဲ့​ ဖရီး​ကစ်ကန်ချက် လှပ​ကောင်း​မွန်ခဲ့​ပေမယ့်​ တိုင်ထိထွက်ခဲ့​တာ​ကြောင့်​ ​ပေါ်တူဂီအသင်း​အတွက် ​သေချာ​ပေါက် ဂိုး​ ၁ ဂိုး​ လက်လွှတ်ခဲ့​ရပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ ​ပေါ်တူဂီအသင်း​ ဆီမီး​ဖိုင်နယ် တက်​ရောက်နိုင်မယ့်​ အနိုင်ဂိုး​ရရှိခဲ့​ပြီး​ ဒီဂိုး​ကို စီ​ရော်နယ်ဒိုက သွင်း​ယူခဲ့​တာပါ။ ​ပေါ်တူဂီအသင်း​ ညာခြမ်း​က တိုက်စစ်ဆင် ထိုး​ဖောက်လာပြီး​ ​မော်တင်ညိုရဲ့​ ဖြတ်တင်​ပေး​ပို့​မှုကို စီ​ရော်နယ်ဒိုက တိုင်ပင်ကိုက် ​ပြေး​ဝင်​ခေါင်း​တိုက် သွင်း​ယူခဲ့​တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up