ဒေါ်လာ ၁ ထရီလီယံခန့် တန်ဖိုးရှိ ပထမဆုံးကုမ္ပဏီဖြစ်လာသည့် Apple

Apple ကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၁ ထရီလီယံနီးပါး တန်ဖိုးရှိတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်လာပါတယ်။ စတိဗ်ဂျော့က ၁၉၇၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Apple ဟာ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံအထိရှိခဲ့တာပါ။ ဒီပမာဏဟာ ပေါ်တူဂီနဲ့ နယူးဇီလန်နိုင်ငံတို့ အပါအ၀င် နိုင်ငံတော်တော်များများရဲ့ စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်ကုန် တန်ဖိုးထက် များခဲ့ပါတယ်။ မေလ ၁၀ ရက်နေ့ Apple ရဲ့ဈေးကွက် မတည်ငွေဟာ အမေရိကန်ဒေါ်လာ ၉၄၃ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် Apple ရဲ့ ဒေါ်လာ ၁ ထရီလီယံ ရှိတဲ့ ကုမ္ပဏီနေရာကို အမေဇုန်က နောက်က ကပ်လိုက်လာနေပြီး Apple ကို ကျော်တက်နိုင်ချေ ရှိတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ အမေဇုန်ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၇၈၀ ဘီလီယံအထိ ရှိထားတဲ့ ဒုတိယ အကြီးဆုံး စာရင်းဝင် ကုမ္ပဏီဖြစ်လာပါတယ်။
Tags
Apple

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up