ပြင်သစ်မြို့လယ်ခေါင်တွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

ATTENTION EDITORS - VISUAL COVERAGE OF SCENES OF INJURY OR DEATH A wounded man is seen on Rue Marsollier in Paris, France May 12, 2018 in this picture obtained from social media. TWITTER /@DEZOUZART/via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. NO RESALES. NO ARCHIVES TEMPLATE OUT
  ပြင်သစ်နိုင်ငံ မြို့တော်ပါရီရဲ့ မြို့လယ်မှာ မေလ ၁၂ ရက်နေ့က ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဓားကိုင်ထားသူဟာ အနားက ဖြတ်သွားသူ ၁ ဦးကို တိုက်ခိုက်ခဲ့တာပါ။ ရဲတွေက ဓားနဲ့တိုက်ခိုက်ခဲ့သူကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အကြမ်းဖက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့က အခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ရှေ့နေတစ် ဦးက ပြောပါတယ်။ ပါရီမြို့လယ်က ပြဇာတ်ရုံ၊ ဈေးဆိုင်တွေနဲ့ စည်ကားတဲ့နေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အခုဖြစ်ရပ်ဟာ ဆိုးရွားတဲ့ ဖြစ်ရပ် တခုလို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up