မူဆယ်တိုက်ပွဲ ကျည်ဆန်များ နိုင်ငံထဲကျရောက်ခဲ့ဟု တရုတ်ကြေညာ
DVB
·
May 13, 2018
မူဆယ်ဒေသ တိုက်ပွဲတွေက ကျည်ဆံတွေ တရုတ်နိုင်ငံထဲကို ကျရောက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပါတယ်။
မေလ ၁၂ ရက်နေ့က တပ်တော်နဲ့ ရဲတပ်ဖွဲ့တို့ဟာ တရုတ်နယ်စပ်နဲ့နီးတဲ့ မူဆယ်မှာ တိုင်းရင်းသားလက်နက်ကို အဖွဲ့တချို့နဲ့ စစ်ရေးပဋိပက္ခဖြစ်လို့ ကျည်ဆံတွေဟာ တရုတ်နိုင်ငံထဲကို ကျလာနေတယ်လို့ ဆိုပါတယ်။
အရပ်သားတချို့ဟာလည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ဖော်ပြထားပါတယ်။
သံရုံးအနေနဲ့ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချပြီး အရပ်သားတွေ သေဆုံးတာကို ဝမ်းနည်းပါတယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးတော့ စစ်ပွဲနဲ့ ပတ်သက်သူအားလုံးအနေနဲ့ အပစ်ရပ်ဖို့၊ တရုတ်-မြန်မာနယ်စပ်အေးချမ်းမှုကို မြန်နိုင်သလောက် မြန်မြန်ရပြီး နယ်စပ်နေသူတွေရဲ့ အသက်၊ ဘဝနဲ့ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။