ဆေးဝါးဈေးကြီးသည့်ကိစ္စ ဆေးထုတ်သူများကို သမ္မတထရမ့် ပြစ်တင်

Health and Human Services Secretary Alex Azar listens as U.S. President Donald Trump delivers a speech about lowering prescription drug prices from the Rose Garden at the White House in Washington, U.S., May 11, 2018. REUTERS/Jonathan Ernst
အမေရိကန်မှာ ကျန်းမာရေးအတွက်သုံးတဲ့ ဆေးဝါးတွေ ဈေးကြီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်သူတွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဆေးဝါးထုတ်လုပ်သူတွေ၊ ကျန်းမာရေးအာမခံလုပ်ငန်းတွေနဲ့ ဆေးခန်းတွေဟာ လူအများ မတက်နိုင်တဲ့ ဆေးညွှန်းတွေပေးပြီး အကျိးအမြတ်ယူနေကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၁၁ ရက်နေ့မှာ ပြောပါတယ်။ သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ ဆေးဝါးဈေးနှုံးကျဆင်းဖို့လည်း အဆင့်ဆင့် ဆောက်ရွက်သွားမယ်၊  ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းမှာ အလွန်အမင်း ချမ်းသာကြွယ် ၀လာတာက ကြားခံလူတွေလို့ ဆိုပါတယ်။ အခွန်ထမ်းသူတွေ များလာတာကို ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အသိုင်းအ၀န်းက အခွင့်အရေး အပြည့်အ၀ယူနေကြတယ်လို့လည်း ထရမ့်ကပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်က ဒီကုမ္ပဏီတွေဟာ အရောင်းမြှင့်တင်ရေးအတွက် ဒေါ်လာ သန်း ၂၈၀ နီးပါး သုံးစွဲခဲ့ကြပါတယ်။ ဒါက ဆေးရွက်ကြီး၊ ရေနံ နဲ့ ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာတွေ အားလုံး စုပေါင်းလိုက်တာထက်တောင် ပိုများနေပါတယ်။ ကျန်းမာရေးအာမခံလုပ်ငန်းတွေနဲ့ တခြားဆက်စပ်လုပ်ငန်းတွေကလည်း ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ကာကွယ်ဖို့နဲ့ ဈေးနှုန်းမြင့်မြင့်ကို ထိန်းထားနိုင်ဖို့ ဒေါ်လာ သန်း ၂၀၀ လောက်သုံးခဲ့ကြတယ်။ ဒီလို လုပ်လာကြတာ နှစ်ပေါင်းမနည်းတော့ဘူး။” မသမာတဲ့ ထပ်ဆင့်ရောင်းဝယ်ဖောက်ကားမှုနဲ့ ကြားလူတွေ အကျိုးအမြတ်ဖြစ်ထွန်းနေ တာကို အဆုံးသတ်ပြီး ဆေးဝယ်သူတွေနဲ့ လူနာတွေဟာ ဈေးနှုန်းသက်သာနဲ့ ဆေးဝါးတွေရသင့်တယ်။ လူနာတွေကို ငွေကုန်ကြေးကျသက်သာစေဖို့ အကြံပေးတဲ့ ဆရာဝန်တွေကို အပြစ်ပေးနေတဲ့ ဆေးဝါးကျွမ်းကျင်သူတွေရဲ့ ကြီးစိုးမှုကို တားမြစ်မယ်၊ ဈေးကွက်ပြိုင်ဆိုင်မှုအတွက် မူပိုင်ခွင့်ဥပဒေကို အသုံးချနေတာကို ထိထိရောက်ရောက် အရေးယူမယ်လို့လည်း သူက ပြောပါတယ်။ မူပိုင်ခွင့်ဟာ ဆန်းသစ်တီထွင်မှုအတွက် ဆုလာဘ်တစ်ခုဖြစ်ပြီး တရားမျှတမှုမရှိတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးကို အကာအကွယ်ပေးဖို့ မဟုတ်ဘူးလို့လည်း ထရမ့်က ပြောသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up