သင်ဇာဝင့်ကျော်၏ ခန္ဓာကိုယ်ပေါ်မှ တက်တူးများနှင့် ကောက်ကြောင်းအလှ (ဓာတ်ပုံ)
DVB
·
May 12, 2018
အလန်းစားပို့စ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ မင်းသမီး သင်ဇာဝင့်ကျော်ရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေနဲ့ ကောက်ကြောင်းအလှ ပေါ်လွင်တဲ့ ဓာတ်ပုံ အင်တာနက် စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။
ဒီပုံတွေကို သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မေလ ၉ ရက်နေ့က မျှဝေထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ကြိုက်နှစ်သက်သူ ၇ သောင်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
ပုံထဲမှာတော့ လက်မောင်းနဲ့ ဗိုက်သားတွေ ဖော်ထားတဲ့ အပေါ်ဝတ် အပြာရောင်အင်္ကျီနဲ့ ဘောင်းဘီအတိုကို ဝတ်ဆင်ထားခဲ့တာမို့ သူ့ရဲ့ဝမ်းဗိုက်နဲ့ လက်မောင်းအတွင်းပိုင်းက တက်တူးတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ သင်ဇာဝင့်ကျော်က “Be strong 💪🏼 don’t quit” လို့ ရေးထားခဲ့တာဖြစ်ပြီး ဒီပုံတွေကို အားကစားခန်းမ တခုခုထဲမှာ ရိုက်ကူးထားခဲ့ပုံ ရပါတယ်။