Home
မြန်မာသတင်း
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နတ်စံသက် ၂၅၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်
Aung Ko Latt
·
May 11, 2018
တတိယမြန်မာနိုင်ငံတော်နဲ့  ကုန်းဘောင်မင်းဆက်တည်ထောင်သူ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျရဲ့ နတ်စံသက် ၂၅၈ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။ ရွှေဘိုမြို့၊ ရတနာသိင်္ဃနန်းတော်ရာမှာ ဒီကနေ့ မနက်ပိုင်းက ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော် အနွယ်တော်တော်တွေစုပေါင်းပြီး အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့တာပါ။ ဒီအခမ်းအနားကို ကုန်းဘောင်မင်းဆက် အနွယ်တော်တွေတင်မက မြို့နယ်၊ ခရိုင်တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပြီး သံဃာတော်တွေကို လှူဖွယ်ဝတ္ထုတွေ လှူဒါန်းတာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှုတာတွေလည်  ပြုလုပ်ခဲ့ပါတယ်။ မနှစ်က မန္တလေးမှာ အလားတူ အခမ်းအနား ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ အလောင်းမင်းတရားကြီးရဲ့ ဘူမိနက်သံနေရာဖြစ်တဲ့ ရွှေဘိုမှာ ပြုလုပ်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ တော်ဝင်အနွယ်တော်များအဖွဲ့ချုပ်ကိုယ်စား မက္ခရာမင်းသားကြီး အနွယ်တော် ကိုသီဟက ပြောပါတယ်။ “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကို ကျေးဇူးဆပ်ခြင်း၊ အမျှဆက်ခြင်းဖြစ်တယ်။ သမိုင်းမှာ ကျရာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဦးအောင်ဇေယျအပြင် မင်းညီမင်းသား၊ မိဖုရား၊ ဆွေတော်မျိုးတော်၊ စစ်သည်ဗိုလ်ပါ အရာထမ်းအမှုထမ်း၊ ပြည်သူတွေ၊ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ကြသူတွေကို ရည်စူးကာ ကုသိုလ်ဆက် အမျှပေးဝေတာ ဖြစ်တယ်။ ဝံသာနုရက္ခိတစိတ်နဲ့ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ စိတ်ဆန္ဒနဲ့ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော် တော်ဝင်အနွယ်တွေအားလုံး စုစည်းပြီး စည်းလုံးညီညွတ်စွာ ကျင်းပတာ"လို့ ပြောပါတယ်။ နောက်လာမယ့်နှစ်တွေမှာလည်း  အလျဉ်းသင့်သလို အလားတူ အခမ်းအနားတွေကို ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024