Home
မြန်မာသတင်း
တနေ့ လုပ်ခ ကျပ် ၄၈၀၀ ပေးရန် လှိုင်သာယာအထည်ချုပ်စက်ရုံ လုပ်သားများ တောင်းဆို
စိုးမိုးအောင်
·
May 11, 2018
တနေ့ လုပ်ခလစာ ငွေကျပ် ၄၈၀၀ ရရှိရေးအတွက်  ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ မှာရှိတဲ့ မြန်မာစင်းစီးရီးအထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက် စက်ရုံပြင်ပမှာ တောင်းဆိုနေပါတယ်။ စက်ရုံအလုပ်ရှင်ကပေးတဲ့ လက်ရှိလုပ်ခလစာဟာ ငွေကျပ် ၃၆၀၀ သာရရှိနေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာကြောင့် လက်ရှိအစိုးရက ပြင်ဆင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ အတိုင်းပေးဖို့  အလုပ်သမားတွေက တောင်းဆိုတာပါ။ အလုပ်ရှင်ဘက်ကတော့ အစိုးရက ကျပ် ၄၈၀၀ ပေးဖို့ တရားဝင်ထုတ်ပြန်တာ မရှိသေးတာကြောင့် တိုးမပေးတာလို့ ဆိုပါတယ်။ အဆိုပါစက်ရုံလည်ပတ်တာ တနှစ်ကျော်ရှိပေမယ့် လူမှုဖူလုံရေးကတ် ထုတ်မပေးတာ၊ မီးဖွားခွင့်၊ လုပ်သက်ခွင့်တွေကို ဥပဒေပါအတိုင်း မပေးတာ၊ အလုပ်တရက်ပျက်တဲ့အခါ ကျွမ်းကျင်ကြေး၊ အချိန်ပိုကြေးတွေကိုလည်း ကျပ် ၂၀၀၀၀ လောက် ဖြတ်နေတယ်လို့ အလုပ်သမား ခေါင်းဆောင် မမူမူထွေးက ပြောပါတယ်။ အလုပ်သမားတွေက အချက် ၁၅ ချက်ကို တောင်းဆိုထားရာမှာ လက်ရှိမှာတော့ အလုပ်ရှင်ဘက်က  အချက်၁၃ ချက် သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံမှာ အလုပ်သမားပေါင်း ၇၅၀ လောက်ရှိတဲ့အထဲ  အလုပ်သမား ၂၀၀ လောက်က ရပိုင်ခွင့်တွေအတွက် မေလ ၇ ရက်နေ့က စပြီး တောင်းဆိုနေတာဖြစ်ပြီး မလိုက်လျောတာကြောင့် မေလ ၁၀ ရက်နေ့ကစပြီး အလုပ်သမားတွေက  စက်ရုံပြင်ပမှာ ထွက်ပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024