အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ စင်ကာပူတွင် ဇွန် ၁၂ ရက် ကျင်းပမည်

ဓာတ်ပုံ - CGTN Africa
အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံမှာ ဇွန် ၁၂ ရက်နေ့ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ “မျှော်လင့်တကြီး စောင့်စားနေကြတဲ့ ကင်ဂျုံအန်းနဲ့ ကျနော်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံမှာ ဇွန် ၁၂ ရက်နေ့ ကျင်းပပါမယ်။ ဒီဆွေးနွေးပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထူးအချိန်ကာလဖြစ်အောင် ကျနော်တို့နှစ်ဦးစလုံး ကြိုးပမ်းသွားကြမယ်” လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာပါ။ စင်ကာပူနိုင်ငံဟာ ဒီအရေးကိစ္စမှာ ကြားနေနိုင်ငံဖြစ်တာကြောင့် ဒီထိပ်သီးဆွေးနွေးပွဲ ကျင်းပတာလို့ အမေရိကန် သုံးသပ်လေ့လာသူတွေက ဆိုပါတယ်။ “တနေ့နေ့မှာ မြောက်ကိုရီးယားကို သွားလည်ချင်ပါသလားဆိုတဲ့ မေးခွန်းကို ဖြစနိုင်ခြေရှိပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up