မုတ်သုံအဝင်ကာလ မိုးလေဝသဖြစ်စဉ်ကို ပြည်သူများ အထူးဂရုပြုရန် သတိပေး
DVB
·
May 11, 2018
မုတ်သုံအဝင်ကာလမှာ ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြိုတင်သတိပေး နှိုးဆော်ချက် မေလ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ မုတ်သုံအဝင်ကာလအတွင်း နေ့အပူချိန်တွေ မြင့်တက်လာရာမှ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီး မွန်းလွဲ၊ ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ခြင်း၊ လေထုမငြိမ်မသက် ဖြစ်ပေါ်ခြင်းတို့ကြောင့် လေပြင်းတွေတိုက်ခတ်ခြင်း၊ လေပြင်းနဲ့အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေဟာ ၁ နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးဂရုပြုနေထိုင် သွားကြဖို့ ကြိုတင်သတိပေး နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ - မိုးဇလ