အင်နီယေစတာကို အမြဲသတိရနေမည်ဟု ရာမို့စ် ပြော

ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာကို အမြဲတမ်း သတိရနေမှာဖြစ်တယ်လို့ ပြိုင်ဘက် ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ဆိုပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာနဲ့ ရီးရဲလ်တို့ နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဝတ်ဆင်တဲ့ ဂျာစီကိုလည်း ရာမို့စ်ကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ကွင်းထဲမှာ ဘယ်လိုပဲ ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် သူ့ရဲ့ အယ်လ်ကလက်စီကို ဒါဘီနောက်ဆုံးပွဲစဉ်ကို အမြဲအမှတ်ရနေမှာဖြစ်တယ်လို့ ရာမို့စ်က ဆိုပါတယ်။ ဒါ့အပြင် အင်နီယေစတာကိုလည်း သတိရနေမှာဖြစ်တယ်လို့ လက်ဆောင်ပေးတဲ့ ဂျာစီကို ကိုင်ထားတဲ့ ဓာတ်ပုံကို ရာမို့စ်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တင်ပြီး ရေးသားခဲ့ပါတယ်။ ရာမို့စ်နဲ့ အင်နီယေစတာတို့ဟာ ကလပ်မှာ ပြိုင်ဘက်တွေအဖြစ် ကစားခဲ့ရပေမယ့် စပိန်အသင်းမှာတော့ အသင်းဖော်တွေပါ။ အသက် ၃၃ နှစ်ရှိ အင်နီယေစတာဟာ အခုနှစ် ရာသီအကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာမှာဖြစ်ပြီး တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up