ငြိမ်းချမ်းရေးအတွက် လူထုချီတက်ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
ကျော်ဇေဝင်း
·
May 9, 2018
ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး "ငြိမ်းချမ်းရေးအတွက်လူထုလှုပ်ရှားမှု" ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲကို မေလ ၁၂ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။
အဲဒီလူထုလှုပ်ရှားမှုကို မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီက စတင်ပြီး တာမွေမြို့နယ် Ocean Center အရှေ့ကနေ ဆူးလေအထိ စုဝေးချီတက် ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို တောင်းဆိုချက် ၄ ချက်နဲ့ ပြုလုပ်မှာဖြစ်ပြီး ‘စစ်ပွဲများ ချက်ချင်းရပ်၊ စစ်ပွဲများ ချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေး အဖြေရှာပေး၊ စစ်ဘေးသင့် ပြည်သူများကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ရရှိရေးနှင့် အကာအကွယ်ပေးရေး၊ ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများကို ချက်ချင်းလွှတ်’ စတဲ့ တောင်းဆိုချက်တွေနဲ့ ငြိမ်းချမ်းစွာ စုဝေးချီတက် ဆန္ဒထုတ်ဖော်ကြမယ်လို့ ဦးဆောင်သူတွေဆီက သိရပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ပတ်သတ်ပြီး အကြောင်းကြားစာကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေကို တင်ပြသွားမယ်လို့လည်း သိရပါတယ်။