Home
မြန်မာသတင်း
သမ္မတ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ပိုင်ဆိုင်မှု တင်ပြ
DVB
·
May 9, 2018
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်အားလုံးဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို တင်ပြထားပြီးဖြစ်တယ်လို့ သမ္မတရုံးက မေ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ  မိမိဦးစီးတဲ့ တစီးပွားတည်းဖြစ်တဲ့ မိသားစုပိုင်ဆိုင်မှု ပစ္စည်းတွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ  ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ နိုင်ငံတော်သမ္မတက အရင်က ခန့်အပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေနဲ့ ထပ်မံခန့်အပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၁ ပါ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော်သမ္မတထံ ပေးပို့ တင်ပြထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024