Home
မြန်မာသတင်း
YBS ယာဉ်လိုင်းများတွင် ကတ်ဖြင့် ယာဉ်စီးခပေးချေသည့်စနစ် ဆောင်ရွက်နေ
DVB
·
May 8, 2018
YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့ ယာဉ်စီးခ ပေးချေတဲ့ စနစ်အမြန်ဆုံး အသုံးပြုနိုင်အောင် ဆောင်ရွက်နေတယ်လို့ YRTA ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပြောပါတယ်။ သုံးခွမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက “ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA အနေဖြင့် YBS နှင့်စပ်လျဉ်းတဲ့ ရှေ့လုပ်ငန်းစဉ်တွေ မည်သို့ချမှတ်ဆောင်ရွက်သွားမည်”ဆိုတဲ့ မေးမြန်းမှုကို  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားသွားတာ ဖြစ်ပါတယ်။ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုအတွက် ယာဉ်စီးခပေးချေမှုကို ကတ်စနစ်နဲ့ ဆောင်ရွက် မယ့် ကုမ္ပဏီကို ရွေးချယ်နိုင်ခဲ့ပြီဖြစ်ပြီး အလျင်အမြန် အသုံးပြုနိုင်အောင် ဆောင်ရွက်နိုင်တယ်လို့  ဝန်ကြီးက ဆိုပါတယ်။ YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ်အတွက်  ExcelKC Myanmar Co., Ltd ကို ဇန်နဝါရီလက ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တင်ဒါစည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့် ဧပြီလ ၂၀ ရက်က တင်ဒါအောင်ကုမ္ပဏီအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီး ကျန်၂ ခုနဲ့ ဆွေးနွေးရွေးချယ်ပြီး စာချုပ်ချုပ်ဆို သွားမယ်လို့ အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယာဉ်လိုင်းတွေမှာ ကတ်နဲ့ ယာဉ်စီးခပေးချေတဲ့ စနစ်ကို မ.ထ.သ လက်ထက်က ပါရမီနဲ့ BRT lite ယာဉ်လိုင်းတွေမှာ အသုံးပြုခဲ့ပါတယ်။ သတင်း-  ပြည့်ဘုန်းအောင်၊ အာကာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024