Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို အမြန်ဆုံး ကယ်တင်ရန် လမ်းလျှောက်ဆန္ဒပြသူ ၂ ဦး အရေးယူခံရ
DVB
·
May 8, 2018
စစ်ဘေးသင့်ပြည်သူတွေကို အမြန်ဆုံး ကယ်တင်ပေးဖို့ ပြည်မြို့ကနေ မြစ်ကြီးနားမြို့ကို လမ်းလျှောက်ဆန္ဒပြ တောင်းဆိုနေတဲ့ ကိုမေတ္တာဦးနဲ့ ကိုမျိုးသူထွဋ်တို့ကို အောင်လံမြို့မရဲစခန်းက ဖမ်းဆီးပြီး ပြည်ခရိုင်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ သူတို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့ အမှုဖွင့်ခံထားရတဲ့ ကိုမျိုးသူထွဋ်က ပြောပါတယ်။ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုသူ နှစ်ယောက်ကို ဝိုင်းရံပေးတဲ့ ဒေသခံတွေက ပြည်မြို့ကနေ အောင်လံမြို့ဘက်ကိုအထွက် တာဂွလမ်းစုံအထိ လိုက်ပို့ခဲ့ကြပါတယ်။ တာဂွလမ်းစုံမှာရှိတဲ့ အမှတ် ၃ ရဲစခန်းရှေ့မှာတော့ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့က လာရောက်တားမြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါလူငယ် နှစ်ယောက်ဟာ ပြည်မြို့ကနေ အောင်လံ၊ အဲဒီကနေတဆင့် မကွေး၊ မန္တလေးမြို့တွေကို ဖြတ်သန်းပြီး ကချင်ပြည်နယ် မြစ်ဆုံအထိ ချီတက်လမ်းလျှောက် တောင်းဆို ဆန္ဒပြသွားဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024