Home
မြန်မာသတင်း
မြန်မာသမ္မတဟောင်း မန်းဝင်းမောင်၏နေအိမ် ပြန်လည်ပြင်ဆင်(ဓာတ်ပုံ)
DVB
·
May 8, 2018
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်းရှိ သမ္မတဟောင်း မန်းဝင်းမောင်ရဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်နေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ မန်းဝင်းမောင်ရဲ့ နေအိမ်မှာ စာကြည့်တိုက် ပြုလုပ်ဖို့  ပြင်ဆင်ဆောင်ရွက်နေမှုတွေကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၅ရက်က သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတကြီး မန်းဝင်းမောင်ဟာ မြန်မာနိုင်ငံရဲ့ တတိယမြောက်သမ္မတအဖြစ် ၁၉၅၇ခု မတ်လ ၁၃ ရက်ကနေ ၁၉၆၂ ခုနှစ်မတ်လ ၂ရက်ထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024