ပိုလန် ကျောက်မီးသွေးတွင်းတွင် ငလျင်လှုပ်၊ တွင်းသား ၂ ဦး သေဆုံး

ပိုလန်နိုင်ငံတောင်ပိုင်း ချက်သမ္မတနိုင်ငံနဲ့ နယ်စပ်က ကျောက်မီးသွေးတွင်းမှာ မေလ ၅ ရက် မနက်က အင်အား ရစ်ခ်ျတာစကေး ၃ ဒသမ ၄ ရှိတဲ့ ငလျင် အသေးစားတခု လှုပ်ခတ်အပြီး တွင်းသား ၂ ဦး သေဆုံးပြီး ၃ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အစောပိုင်းက တွင်းသား ၇ ဦး ပိတ်မိနေခဲ့တာလို့ အစိုးရ သတ္တုတွင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ မေလ ၅ ရက်နေ့မှာပဲ တွင်းသား ၂ ဦးကို ဒဏ်ရာတွေနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး ရတဲ့ဒဏ်ရာတွေက စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ မြေအောက် မီတာ ၉၀၀ အနက်မှာ နောက်ထပ် တွင်းသား ၃ ဦးလည်း ပိတ်မိနေပါတယ်။ ငလျင်လှုပ်ချိန်မှာ တွင်းသား အယောက် ၂၅၀ လောက် အလုပ်လုပ်နေခဲ့ပါတယ်။ တွင်းရှိရာကို ပိုလန်သမ္မတကိုယ်တိုင် မေလ ၆ ရက်နေ့မှာ ရောက်လာပြီး ပျောက်ဆုံးတွင်းသားတွေကို ရှာဖို့ အခက်အခဲအားလုံးကို ကျော်လွှားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တွင်းထဲမှာ အပူချိန်မြင့်ပြီး အောက်စီဂျင်နည်းတာ၊ မီသိန်းဓာတ်ငွေ့ပမာဏ မြင့်တာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးနေပါတယ်။ ပိုလန်မှာ ကျောက်မီးသွေးဟာ စွမ်းအင်အတွက် အဓိကရင်းမြစ် ဖြစ်ပါတယ်။ ဒီနှစ်စမှာပဲ နိုင်ငံတွင်း မတူတဲ့တွင်းတွေက မတော်တဆမှုတွေကြောင့် သေဆုံးသူ ၆ ဦးရှိပြီလို့ အစိုးရ သတ္တုတွင်း အာဏာပိုင်အဖွဲ့က ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up