Home
မြန်မာသတင်း
ဓာတ်​အားလိုင်းကြိုးအသစ်​များ လဲလှယ်ရန် ရန်ကုန် ၂၂ မြို့နယ် မီးပြတ်မည်
DVB
·
May 7, 2018
  ဓာတ်​အားလိုင်းကြိုးအသစ်​တွေ လဲလှယ်ဖို့ရှိတဲ့အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်မှာ ဓာတ်အားပြတ်တောက်မယ်လို့ ရန်​ကုန်​လျှပ်​စစ်​ဓာတ်​အား​ပေး​ရေး​ကော်​ပို​ရေးရှင်းက ကြေညာထားပါတယ်။ မေလ ၈ ရက်နဲ့ ၁၀ ရက်တို့မှာ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှာဖြစ်ပြီး ရန်​ကုန်​တိုင်း​ဒေသကြီး အင်းစိန်​၊ မင်္ဂလာဒုံ၊ လှိုင်​သာယာ၊ ​ရွှေပြည်​သာ၊ လှည်းကူး၊ ​မှော်​ဘီ၊ တိုက်​ကြီး၊ ​ထောက်​ကြန့်​၊ ဥက္ကံ၊ ဒါးပိန်​၊ ​ဖောင်​ကြီး၊ အင်းတိုင်​၊ ​မြောင်းတကာ၊ ​ရွှေလင်ပန်း၊ ထန်းတပင်​၊ ​မြောက်​ဥက္ကလာ၊ ​ရွှေ​ပေါက္ကံ၊ တွံ​တေး၊ ဒလ၊ ​ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်​လျင်​ စတဲ့ မြို့နယ်​တွေမှာ မီးပြတ်မှာ ဖြစ်ပါတယ်။ ရန်​ကုန်​တိုင်း​အတွင်းရှိ ခရိုင်​နဲ့​ မြို့နယ်​တွေမှာ​ ၆၆)​ကေဗွီ ၊ (၃၃)​ကေဗွီ ဓာတ်​အားခွဲရုံတွေ၊ Distribution Transformer တွေ ထိန်းသိမ်းပြုပြင်​လုပ်​ငန်းတွေ လုပ်ဆောင်မယ်၊ မိုးဦးကာလ လျှပ်စစ်​အန္တရာယ်​ ကင်းရှင်း​ရေးအတွက်​ ဓာတ်​အားလိုင်းနဲ့ မလွတ်​ကင်း​တဲ့ သစ်​ပင်​၊ သစ်​ကိုင်း ခုတ်​ထွင်​ရှင်းလင်းတာနဲ့ ​ရေရှည်​ဓာတ်​အား တည်​ငြိမ်​ပြည့်ဝစွာ​ပေးနိုင်​​ရေးအတွက်​ ​ဟောင်းနွမ်းပြီး ဝန်​အားမနိုင်​​တော့​တဲ့ ၁၁ ​ကေဗွီဓာတ်​အားလိုင်းကြိုးတွေကို လျှပ်​ကာပါ​တဲ့ ဓာတ်​အားလိုင်းကြိုး အသစ်​တွေနဲ့ လဲလှယ်​တာတွေ လုပ်ဆောင်မယ်လို့ ရန်​ကုန်​လျှပ်​စစ်​ဓာတ်​အား​ပေး​ရေး​ ကော်​ပို​ရေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မေလ ၈ ရက်နဲ့ ၁၀ ရက်တို့မှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ လုပ်ဆောင်သွားမှာဖြစ်ပြီး လုပ်​ငန်း​ဆောင်​ရွက်​​နေစဉ်​ အချိန်​အတွင်း အချိန်ပိုင်း မီးပြတ်မယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024