ပိတ်မိပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေး ပဲခူးတွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
May 6, 2018
ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ စစ်ပွဲတွေ ရပ်တန့်ပေးရေးအတွက် ပဲခူးမြို့မှာ ငြိမ်းချမ်းရေးလိုလားသူတွေက စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ၂၀၀၀ ကျော်ပိတ်မိနေတာ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဒီနေ့ညနေပိုင်းမှာ အင်အား ၁၀၀ ကျော်က ပဲခူးမြို့ မဇင်း ၁ လမ်းထိပ်ကနေ ဗိုလ်ချုပ်ကြေးရုပ်အထိ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။
အောင်စိုးမိုး