ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၈ ဦး ရှိပြီ
DVB
·
May 6, 2018
ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၈ ဦးရှိသွားဖြစ်ကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်မျက် ရွှေပြည်ကုမ္ပဏီ လုပ်ကွက်အမှတ် ၅၅၈ မှာ မေလ ၄ ရက်နေ့ ညနေပိုင်းက မြေစာပုံပြိုကျခဲ့လို့ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
မေ ၅ ရက်နေ့ ညနေပိုင်းက ရေမဆေးကျောက်ရှာဖွေသူတွေက ယာလက်ပြတ် ၁ ခု အား တွေ့ရှိလို့ ဘက်ဟိုးယာဉ်နဲ့ တူးဖော်ရှာဖွေခဲ့ရာ ထွေးအောင် ၄၅ နှစ်ရဲ့ အလောင်းအား ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူအလောင်းကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စုစုပေါင်းသေဆုံးသူ အမျိုးသား ၁၈ ဦးရှိပြီဖြစ်ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။