ဗြိတိန်အဝေးပြေး လမ်းမကြီးအနီးတွင် လော်ရီကားတစီး မီးလောင် (ရုပ်သံ)

ဗြိတိန်ရဲ့အစည်ကားဆုံး လမ်းမကြီး ၂ ခုပေါ်မှာ မေလ ၅ ရက်နေ့ နေ့လယ်က ကားတိုက်မှုဖြစ်ပြီး လော်ရီကားကြီး တစီး မီးလောင်နေလို့ အားလပ်ရက်ခရီးထွက်သူတွေရဲ့ ကားတန်းကြီးထဲ ပိတ်မိခဲ့တယ်လို့ ဒေးလီးမေးသတင်းမှာ ဖော်ပြထားပါတယ်။ လမ်းမကြီး ၂ ခုလုံးနဲ့ နီးတဲ့နေရာမှာ လော်ရီကားကြီး မီးလောင်နေလို့ အမ်-၆၂ လမ်းမကြီးပေါ်က ကားသမားတွေ အကုန်ရပ်တန့်လိုက်ရသလို လမ်းမကြီး ၃ လမ်း ပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ အဝေးပြေးလမ်းမ ဌာနက “ကားတစီးထဲက လူနာတယောက်ကို ဖယ်ထုတ်နေရချိန်မှာ အမ်-၂၅ လမ်းပေါ်က ယာဉ်ကြောတွေအားလုံးကို ပိတ်ထားပါတယ်။ အဲ့ဒီကိစ္စ မပြီးရင် မီးပွိုင့်ကို ပြန်ဖွင့်လို့ ရမှာ မဟုတ်ဘူး” လို့ တွစ်တာပေါ်မှာ ရေးထားပါတယ်။

More News
Up